Wednesday, July 11, 2012

အရှင်အာဒိစ္စရံသီ (ဦးဆန်းလွင်)၏ တစ်ဘ၀စာ အပ္ပါယ်တံခါးပိတ် ၇ရက်တရားတော်များ

မူဆလင်ဘာသာမှ  ဗုဒ္ဓဘာသာသို့ ယုံကြည်သက်ဝင်လာပြီး လူအမည်ဦးဆန်းလွင်မှ ရဟန်းပြုပြီး ရဟန်းဘွဲ့ အမည်မှာ အရှင်အာဒိစရံသီ ဖြစ်လာသည်။

Wednesday, February 29, 2012

အင်ဒိုနီးရှားအား အနိုင်ရကာ ဆီမီး မျှော်လင့်ချက် အားကောင်းလာသည့် မြန်မာ ယူ-၂၁

ယနေ့ ညနေပိုင်းက ဘရူနိုင်း နိုင်ငံတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်တွင် မြန်မာ လူငယ် အသင်းသည် အင်ဒိုနီးရှား လူငယ် အသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရကာ ဆီမီးဖိုင်နယ် တက်ရောက်ရန် အခြေအနေ ကောင်းမွန် သွားခဲ့သည်။

မြန်မာအသင်းသည် ယခုပွဲစဉ်တွင် ဒဏ်ရာမှ ပြန်လည် သက်သာလာသည့် ကျော်ကိုကိုအား အရန်ခုံတွင်သာ ထားကစားခဲ့ကာ တိုက်စစ်တွင် ကောင်းစည်သူအား အထောင်ထား ကစားခဲ့သည်။ ကောင်းစည်သူ နောက်တွင် ပထမပွဲ၌ ဟက်ထရစ် ရရှိထားသည့် အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းအား နောက်ချန် တိုက်စစ်မှူး အဖြစ် ကစားစေခဲ့ကာ

မော်တော်ယာဉ်စီးခကို i-Pay ကဒ်စနစ်ဖြင့် ကောက်ခံမည်


ရုရှားနည်းပညာဖြင့် ပိုက်ဆံထည့်သည့် ကားကဒ်ပုံစံ

မကြာမီ ကာလတစ်ခုအတွင်း ယာဉ်စီးခများကို i-Pay ကတ်စနစ်များဖြင့် အသုံးပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မထသ (ဗဟို)မှ အတွင်းရေးမှူးဦးဘမြင့်က ဖလား ဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။

အဆိုပါ i-Pay ကတ်စနစ်ကို အသုံးပြုရန်အတွက် ကစ္ဆပနဒီကုမ္ပဏီမှ စက်များနှင့် ကတ်များကို အခမဲ့ပေးဝေ တပ်ဆင်ပေးသွား မည်ဖြစ်ကြောင်း၊ထိုသို့ ပြုလုပ်ရန်အတွက်လည်း ၎င်း
ကုမ္ပဏီအနေ ဖြင့် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။

ဘာကြောင့် အမွဲဆုံးနိုင်ငံ ဖြစ်ရသလဲ

မဆလ၀န်ကြီးဟောင်း ဦးတင့်ဆွေ

မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကျဆုံးတဲ့ အကြောင်းရင်းတွေထဲမှာ တိုင်းပြည်ကို LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်း သွင်းတဲ့အပေါ် ပြည်သူတွေ မကျေနပ်တာလည်းပါတယ်လို့ မဆလခေတ် စက်မှု (၁) ၀န်ကြီးဟောင်း ဦးတင့်ဆွေက ၀န်ခံပြောဆိုပါတယ်။ နှစ်ပေါင်း ၂၀ ကျော်တဲ့ထိ မြန်မာနိုင်ငံ ဘာကြောင့် အဆင်းရဲဆုံးနိုင်ငံအဖြစ်က မလွတ်သေးသလဲဆိုတာ ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံကို ၁၉၈၇ ခုနှစ်မှာ အဆင်းရဲဆုံးနိုင်ငံစာရင်း သွင်းတဲ့အချက်ကလည်း မလဆပါတီ ကျဆုံးတဲ့ အကြောင်းတွေထဲမှာ တချက်အပါအ၀င်ဖြစ်တယ်လို့ မဆလခေတ် စက်မှု (၁) ၀န်ကြီးဟောင်း ဦးတင့်ဆွေက သူရေးတဲ့ ကျောပိုးအိတ်လေးကို ချီကာလွယ်ဆိုတဲ့ သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်မှာ ၀န်ခံထားတာ ဖြစ်တယ်။

မဆလ၀န်ကြီးဟောင်း ဦးတင့်ဆွေ

ဒါပေမယ့် တိုင်းပြည်ကို LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်း ဘာကြောင့် သွင်းရတယ်ဆိုတဲ့ မဆလ၀န်ကြီးဟောင်း ဦးတင့်ဆွေရဲ့ အမြင်ကတော့ မြန်မာစီးပွားရေးပညာရှင်တချို့ရဲ့ အယူအဆနဲ့ ကွဲပြားနေပါတယ်။

ဒေါ်စုကို ကန့်ကွက်မှု တိုင်းကော်မရှင် အပြီးပြတ်ပယ်ချ




ချင်းမိုင် (မဇ္ဈိမ) ။       ။ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းမှု ကန့်ကွက်လွှာကို ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချလိုက်ပြီး တချိန်တည်းတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုလိုက်ပြီဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကို ပြောသည်။

"အယူခံလွှာကို တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲက ပလပ်လိုက်ပါတယ်။ ကိုယ်စားလှယ် လောင်းတွေကိုလည်း ဒီနေ့ ထုတ်ပြန်ခိုင်းလိုက်ပါပြီ။ ၃:၃ဝ လောက်က အန်ကယ်တို့ ထုတ်ပြန်ခိုင်းလိုက်ပြီ" ဟု ဦးကိုကို က ပြောသည်။

စိတ်ဓါတ်ခွန်အား

             တခါတုန်းက ရွာတစ်ရွာမှာ တစ်ယောက်တည်းနေတဲ့ အဖိုးအိုတစ်ဦးရှိတယ် ။ သူ့ရဲ့ အာလူးခင်း...ကို မြေတွေတူးဆွပြီး စိုက်ပျိုးချင်ပေမယ့် သူ့မှာ ခွန်အားတွေမရှိတော့တဲ့အတွက် သူအခက်တွေ့နေရတယ် ။ ဒါနဲ့ ဟိုးအဝေးတစ်နေရာမှာနေတဲ့ သူ့သားဆီ သူ ဘယ်လိုလုပ်ရမလဲဆိုတာ လှမ်းပြီးအောက်ပါအတိုင်း အကူအညီတောင်းလိုက်တယ် ။

Monday, January 30, 2012

မြန်မာပြည် မြေပုံကို သင်ဘယ်လောက်သိသလည်း စမ်းကြည့်ရအောင်..........

အောက်က ဖလက်လေးကတော့ မြန်မာပြည်မှာရှိတဲ့ ပြည်နယ်နှင့်တိုင်း မြေပုံတွေကို စာဖတ်သူ ဘယ်လောက်သိသလည်းဆိုတာ စမ်းသပ်တဲ့ ဖလက်ကလေး ဖြစ်ပါတယ်။ အားလုံးမှန်အောင် ထားနိုင်ပြီဆိုရင်တော့ သင့်ကိုဂုဏ်ပြုတဲ့သီချင်းတစ်ပုဒ်ကို ဆုလာဘ် အဖြစ်နားဆင်နိုင်မှာပါ။အပျင်း လည်းပြေပြီး အောင်မြင်သွားရင်ပျော်စရာကောင်းသလို မြန်မာပြည်မြေပုံကိုလည်း ပိုရင်းနှီးသွားတာပေါ့............
ကဲ စလိုက်ကျရအောင်.......... :)


Thursday, January 26, 2012

ခင်ပွန်းကြီး(၁၀)ပါးကန်တော့နည်း



 ခင်ပွန်းကြီး၁၀ပါးအားပြစ်မှားသူတို့ ကြုံရမည့် ဒဏ်(၁၀)ပါး

၁။ပြင်းထန်သောဦးခေါင်းနာစသည်ဝေဒနာများဖြစ်ခြင်း
၂။ပိုင်ဆိုင်သောဥစ္စာပစ္စည်းများဆုတ်ယုတ်ပျက်စီးခြင်း
၃။လက်ခြေပြတ်ခြင်း၊ကိုယ်အင်္ဂါပျက်စီးခြင်း
၎။ကုသ၍မရနိုင်သောကြီးလေးသည့်ရောဂါများဖြစ်ခြင်း
၅။ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း
၆။မင်းပြစ်မင်းဒဏ်ခံရခြင်း
၇။မတရားသဖြင့်စွပ်စွဲခံရခြင်း
၈။ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်းမရရှိခြင်း
၉။စည်းစိမ်ဥစ္စာအခြွေအရံများပျက်စီးခြင်း
၁၀။နေရာတိုက်အိမ် မီးလောင်ပျက်စီးခြင်း
ပစ္စုပ္ပန်ဘ၀၌ထိုဒဏ်၁၀ပါးသင့်မည့်အပြင်သေလွန်သောအခါ၌လည်းအပါယ်ငရဲသို့ ကျ ရောက်နိုင်ပါသည်။

သူ့ (မေလေး)ကိုကျနော်ချစ်သည်

နေချင်တာ မေလေးအနား :)

Tuesday, January 24, 2012

မေတ္တာအစွမ်း အံ့မခန်း


 

ကျနော်နဲ့ ကျနော့်ချစ်သူတို့ ရဲ့ ဘလော့ခ် စဖွင့်တဲ့အနေနဲ့ မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်အရှင်ဇဝန ဟောကြားတဲ့ မေတ္တာအစွမ်း အံ့မခန်း ဆိုတဲ့ တရားတော်ထဲက နေပြီးတော့ ထုတ်နှုတ်ထားခြင်းဖြစ်ပါတယ်။ အခုထုတ်နှုတ်ထားတဲ့နေရာမှာ ဆရာတော်ရဲ့ အာဘော်လေးအတိုင်း အကောင်းဆုံးဖြစ်အောင် ထုတ်နှုတ်တင်ပြထားပါတယ်။
     ပထမ ဦးဆုံးအနေနဲ့ ဒဿန လေးတခုလောက်ပြောပြချင်ပါတယ် အဲဒါလေးကတော့ လူဘဝကို ရောက်လာတာဟာ အပေါ်ယံလူဘော်ကြော့ အသိဥာဏ်နဲတဲ့သူတွေက လူဘဝရောက်လာတာသည် အာရုံငါးပါး ကာမဂုဏ် ခံစားဖို့ ရောက်လာတာလို့ထင်မြင်ယူဆကြပါလိမ့်မယ်။ လူဘဝရောက်လာတာ ကုသိုလ်ပြုဖို့ရောက်လာတာ ဖြစ်ပါတယ်။ ကုသိုလ်ပြုလို့ရတာသည် လူဘုံပဲဖြစ်ရှိပြီးတော့ နတ်ဘုံဆိုတာက လူ့ဘဝက ပြုခဲ့တဲ့ ကုသိုလ်တွေကို ခံစားဖို့နေရာလေးသက်သက်ပဲဖြစ်ပါတယ်။ (၃၁)ဘုံမှာ တခြား ဘယ်နေရာမှ အလှူခံပုဂ္ဂိုလ်မရှိတဲ့အတွက် ကုသိုလ်ယူလို့မရပါဘူး။ ဘုရားရှင်တွေတောင် လူပြည်မှာလာပြီးတော့ ကုသိုလ်ပြု ပါရမီဖြည့်ခဲ့ကြတာပါ။
Related Posts Plugin for WordPress, Blogger...