မြန်မာအသင်းသည် ယခုပွဲစဉ်တွင် ဒဏ်ရာမှ
ပြန်လည် သက်သာလာသည့် ကျော်ကိုကိုအား အရန်ခုံတွင်သာ ထားကစားခဲ့ကာ
တိုက်စစ်တွင် ကောင်းစည်သူအား အထောင်ထား ကစားခဲ့သည်။ ကောင်းစည်သူ နောက်တွင်
ပထမပွဲ၌ ဟက်ထရစ် ရရှိထားသည့် အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းအား နောက်ချန်
တိုက်စစ်မှူး အဖြစ် ကစားစေခဲ့ကာ
၎င်း၏ နောက်တွင် ကြည်လင်း၊ ဒေးဗစ်ထန်၊
ရဲဇော်ထက်အောင် နှင့် သိန်းသန်းဝင်း တို့အား နေရာ ချထားခဲ့သည်။
နောက်တန်းတွင်မူ ရန်အောင်ဝင်း၊ ညီညီအောင်၊ ဇော်မင်းထွန်း၊ နန္ဒကျော်တို့အား
ပွဲထုတ် ခဲ့ပြီး ဂိုးသမား အဖြစ် ပြည့်ဖြိုးအောင်က တာဝန်ယူခဲ့သည်။
အင်ဒိုနီးရှား
အသင်းက ပွဲချိန် မိနစ် (၂၀)တွင် အဖွင့်ဂိုး စတင်ရရှိခဲ့ သော်လည်း မြန်မာ
အသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများ လိုက်သွင်းကာ ဂိုးပြတ်
အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အင်ဒိုနီးရှား ကွင်းလယ်မှ ထိုးပေးလိုက်သည့်
ဘောလုံး အင်ဒို တိုက်စစ်မှူး ဗာမန်ဆာ တစ်ဦးတည်း လွတ်ထွက် သွားရာ ဂိုးသမား
ပြည့်ဖြိုးအောင် ရှေ့တက် ကာကွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ဂိုးပေါက်
ကျဉ်းထဲသို့ ကန်ထည့်သွား၍ မြန်မာတို့ နောက်မှ လိုက်ကစား ခဲ့ရသည်။
ထို့နောက်တွင် ကျော်ဇေယျာဝင်း ဂိုးသမားအား ကျော်ဖြတ် ကန်သွင်းချက်
ဂိုးဝင်လု နီးပါး ဖြစ်ခဲ့သော်လည်း အင်ဒို နောက်ခံလူ အချိန်မီ တားဆီးခဲ့၍
မြန်မာတို့ ချေပဂိုးနှင့် ဝေးခဲ့ရသည်။ ထို့နောက်တွင် အင်ဒိုနီးရှား ဗာမန်ဆာ
အဝေး ကန်ချက် ဘားထိထွက် ခဲ့၍လည်း မြန်မာတို့ သက်သာရာ ရခဲ့ကာ ပထမပိုင်း
အပြီး အင်ဒိုနီးရှားက ၁-၀ဖြင့် အသာရ နေခဲ့သည်။
အင်ဒိုနီးရှား
အသင်းက ပွဲချိန် မိနစ် (၂၀)တွင် အဖွင့်ဂိုး စတင်ရရှိခဲ့ သော်လည်း မြန်မာ
အသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများ လိုက်သွင်းကာ ဂိုးပြတ်
အနိုင်ရခဲ့ခြင်း ဖြစ်...ဒုတိယပိုင်း ပြန်အစတွင် မြန်မာတို့ ချေပဂိုး
ရရှိရန် ပိုမို ကြိုးပမ်းလာခဲ့ပြီး ချေပဂိုးနှင့် အနိုင်ဂိုးများ
ဆက်တိုက် ရရှိခဲ့သည်။ ၄၇မိနစ်တွင် ကျော်ဇေယျာဝင်းက မြန်မာတို့ အတွက်
ချေပဂိုးအား ပြန်လည် သွင်းယူ ပေးခဲ့ကာ တစ်ဂိုးစီ သရေ ဖြစ်စေခဲ့ပြီး
၅၉မိနစ်တွင် လူစားဝင် ကစားသမား ကျော်ကိုကိုက နောက်ထပ် တစ်ဂိုး
သွင်းယူပေးပြီး ပွဲအား ပြန်လည် ဦးဆောင် ထားနိုင်ခဲ့သည်။ ၆၆မိနစ်တွင်
ဘယ်ခြမ်းမှ ကောင်းစည်သူ ဖြတ်ချိုးပေးသည့် ဘောလုံး ဂိုးသမား ပုတ်ထုတ်
ခဲ့သော်လည်း အသင့် ရှိနေသည့် ကျော်ကိုကိုက ပိတ်သွင်းကာ မြန်မာတို့ ၃-၁ဖြင့်
အနိုင်ရခဲ့သည်။
ထိုရလဒ်ကြောင့် မြန်မာ လူငယ် အသင်းသည် အုပ်စုတွင်း
ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ် တက်ရောက် နိုင်ရန် အခြေအနေ
ကောင်းမွန် သွားခဲ့ကာ ယနေ့ တစ်ချိန်တည်း ကစားခဲ့သည့် ပွဲစဉ်တွင် စင်ကာပူအား
၂-၀ဖြင့် အနိုင်ရသည့် လာအိုနှင့် လာမည့် မတ်လ (၂)ရက်နေ့တွင် ဆက်လက်
ရင်ဆိုင်ရမည် ဖြစ်သည်။
အုပ်စု ရပ်တည်မှု အနေအထား
GROUP A
No comments:
Post a Comment